Home/ Products/ Agro Chemicals/ Coral Gote Gyo Sayar

ကော်ရယ်ဂုတ်ကျိုးဆရာ — Coral Gote Gyo Sayar

Isoprothiolane 40% EC — Fungicide · ပင်လုံးပျံ့ (Systemic) မှိုသတ်ဆေး · စပါးဂုတ်ကျိုးရောဂါ

Product Label · ဆေးအညွှန်း

Coral Gote Gyo Sayar — Product Label

ကော်ရယ်ဂုတ်ကျိုးဆရာ — ဆေးအညွှန်း

Coral Gote Gyo Sayar (Isoprothiolane 40% EC) 500 cc bottle
Coral Gote Gyo Sayar · Isoprothiolane 40% EC · 500 cc

“POISON”

Read label carefully before using the products.

Active Ingredient

  • Isoprothiolane40% w/v
  • Other ingredients60% w/v
  • Total100%

Net Content: 500 cc · KEEP OUT OF REACH OF CHILDREN

Product Description

Isoprothiolane 40% EC is a systemic fungicide that is rapidly absorbed by plant tissues and translocated within the plant. It provides both preventive and curative control by inhibiting the growth and development of pathogenic fungi. It is particularly effective in controlling rice blast and stem rot, helping maintain healthy crop growth and improve yield.

Mode of Action

  • Systemic fungicide with protective and curative activity.
  • Rapidly absorbed and translocated within plant tissues.
  • Inhibits fungal lipid metabolism, suppressing mycelial growth and disease development.
  • Provides long-lasting disease protection.

Recommended Crops

Rice

Target Diseases

Rice Blast (Pyricularia oryzae)

Directions for Use

  • Apply preventively or at the first appearance of disease symptoms.
  • Ensure thorough and uniform coverage of the crop.
  • Repeat the application at 7–14 day intervals if disease pressure remains high.
  • Apply during calm weather, preferably in the early morning or late afternoon.
  • Do not apply before rainfall or under strong wind conditions.
Spray interval: 7–14 days
Pre-Harvest Interval (PHI): 30 days before harvest
Do not exceed the recommended rate

Precautions

  • Wear protective clothing, gloves, eye protection, and a face mask during mixing and application.
  • Do not eat, drink, or smoke while handling the product.
  • Keep out of reach of children.
  • Store away from food, feed, and drinking water.
  • Avoid contamination of rivers, ponds, and other water bodies.

Storage

Store in the original tightly closed container in a cool, dry, and well-ventilated place away from direct sunlight, food, feed, and children.

Disposal

Dispose of empty containers in accordance with local regulations. Do not reuse empty containers for any purpose.

GHS Class –(4) · WARNING

Registration No. …. · Batch No. · Manufacturing date: · Expiry date:

“အဆိပ်”

အသုံးမပြုမီ ဆေးအညွှန်းကို သေချာစွာ ဖတ်ပါ။

ပါဝင်ပစ္စည်းများ

  • Isoprothiolane (အာနိသင်ရှိပစ္စည်း)၄၀%
  • အခြားပါဝင်ပစ္စည်းများ၆၀%
  • စုစုပေါင်း၁၀၀%

အသားတင်ပါဝင်မှု ၅၀၀ စီစီ · ကလေးများ လက်လှမ်းမမီသောနေရာတွင် သိမ်းဆည်းပါ။

အာနိသင်ဖော်ပြချက်

Isoprothiolane 40% EC သည် ပင်လုံးပျံ့နှံ့ဖြစ်ပြီး လျင်မြန်စွာ (Systemic) မှိုသတ်ဆေးဖြစ်ကာ အပင်မှ စုပ်ယူ၍ အပင်အတွင်း ပျံ့နှံ့သွားပါသည်။ ရောဂါဖြစ်စေသော မှိုကြီးထွားမှုနှင့် ပြန့်ပွားမှုကို တားဆီးပေးပြီး စပါးပင်တွင် ဖြစ်ပွားသော ဂုတ်ကျိုးရောဂါကို ထိရောက်စွာ ကာကွယ်နှိမ်နင်းပေးနိုင်ပါသည်။

အာနိသင်နှင့် လုပ်ဆောင်ချက် (Mode of Action)

  • ပင်လုံးပျံ့နှံ့ (Systemic) မှိုသတ်ဆေးဖြစ်သည်။
  • အပင်မှ စုပ်ယူကာ အပင်အတွင်း ပျံ့နှံ့၍ ကြာရှည်ကာကွယ်ပေးသည်။
  • မှိုကြီးထွားမှု၏ lipid metabolism ကို တားဆီးကာ မျိုးပွားမှုကို ဟန့်တားပေးသည်။
  • ကာကွယ်ခြင်း (Preventive) နှင့် ကုသခြင်း (Curative) အာနိသင် နှစ်မျိုးလုံး ရရှိနိုင်သည်။

အသုံးပြုနိုင်သော သီးနှံ

စပါး

ကာကွယ်နှိမ်နင်းနိုင်သော ရောဂါ

စပါးဂုတ်ကျိုးရောဂါ (Pyricularia oryzae)

အသုံးပြုရန် အညွှန်း

  • ရောဂါစတင်တွေ့ရှိချိန် သို့မဟုတ် ရောဂါကျရောက်နိုင်သော အခြေအနေတွင် စတင်ဖျန်းပါ။
  • အပင်တစ်ပင်လုံး ညီညာစွာ စိုစွတ်အောင် ဖျန်းပေးပါ။
  • ရောဂါပြင်းထန်ပါက ၇–၁၄ ရက် အကြာတွင် ထပ်မံဖျန်းနိုင်သည်။
  • မနက်စောစော သို့မဟုတ် ညနေပိုင်းတွင် ဖျန်းခြင်းက ပိုမိုထိရောက်သည်။
  • လေပြင်းတိုက်ခတ်ချိန်နှင့် မိုးရွာမည့်အချိန်တွင် မဖျန်းပါနှင့်။
  • အကြံပြုထားသော နှုန်းထားထက် မပိုစေပါနှင့်။
ဖျန်းရမည့်ကြားကာလ — (၇–၁၄) ရက်
ရိတ်သိမ်းမတိုင်မီ ၃၀ ရက်အလို ဆေးဖျန်းခြင်းကို ရပ်တန့်ပါ။ (PHI)

သတိပြုရန်အချက်များ

  • ဆေးရောစပ်ခြင်းနှင့် ဖျန်းခြင်းပြုစဉ် ကာကွယ်ရေးဝတ်စုံ၊ လက်အိတ်၊ မျက်မှန်၊ နှာခေါင်းစည်း ဝတ်ဆင်ပါ။
  • ဆေးကိုင်တွယ်နေစဉ် အစာမစားရ၊ ရေမသောက်ရ၊ ဆေးလိပ်မသောက်ရ။
  • ကလေးများ လက်လှမ်းမမီသောနေရာတွင် ထားပါ။
  • အစားအစာ၊ တိရစ္ဆာန်အစာနှင့် သောက်ရေများနှင့် ဝေးရာတွင် သိမ်းဆည်းပါ။
  • မြစ်၊ ချောင်း၊ ရေကန်များ ညစ်ညမ်းမှုမဖြစ်စေရန် ရှောင်ကြဉ်ပါ။

သိုလှောင်ရန်

အေး၍ ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် နေရောင်တိုက်ရိုက်မကျရောက်စေဘဲ မူလဘူးဖြင့်သာ အဖုံးလုံအောင်ပိတ်၍ သိမ်းဆည်းပါ။

စွန့်ပစ်ခြင်း

အသုံးပြုပြီးသော ဘူးခွံများကို ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ စွန့်ပစ်ပါ။ ဘူးခွံကို အခြားရည်ရွယ်ချက်ဖြင့် ပြန်လည်အသုံးမပြုရပါ။

အဆိပ်ဖြစ်မှုအဆင့်အတန်း — GHS အုပ်စု (၄)

ဆေးမှတ်ပုံတင်အမှတ် (Reg. No.) · ထုတ်လုပ်မှုအမှတ်စဉ် (Lot No.) · ထုတ်လုပ်သည့်နေ့စွဲ (DOM) · သက်တမ်းကုန်ဆုံးရက် (EXP.)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 112B, Area A, 4th Floor, Shenxin International Plaza, No. 30 Haitian East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911