Home/ Knowledge/ Coral Experience

Coral Experience

Fluopyram 200g/l + Tebuconazole 200g/l SC — Dual-action systemic fungicide (SDHI + triazole).

Coral Experience label
POISON · အဆိပ်

Coral Experience / ကော်ရယ်အိတ်စ်ပီးရီးယင့်စ်

Fluopyram 200g/l + Tebuconazole 200g/l SC

Dual-action systemic fungicide combining SDHI and triazole modes of action.

SDHI နှင့် triazole အုပ်စုနှစ်မျိုးပေါင်းစပ်ထားသော ပင်လုံးပြန့်အာနိသင်ရှိသည့် မှိုသတ်ဆေးဖြစ်သည်။

SC Formulation Keep Locked Re-entry 24 hrs 7–10 day interval
Product Label · ဆေးအညွှန်း

Directions for Use

အသုံးပြုနည်း

Content transcribed exactly from the official product label.

မူလဆေးအညွှန်းပါ စာသားအတိုင်း တိကျစွာ ဖော်ပြထားပါသည်။

“POISON”

Read label carefully before using the products.

Direction for Use

CropTarget pestsApplication dosagePHI (days)
TomatoEarly blight150 – 19028
RiceSheath blight120 – 15028
Greengram, Blackgram, SoybeanRust, Powdery mildew120 – 25021
Onion, GarlicPurple blotch120 – 2507
ChilliAnthracnose150 – 2007
Cucumber, Melon, WatermelonPowdery mildew120 – 1507
Citrus treeResin disease, Black spot disease100 – 12028
Apple treeBrown spot, Scab80 – 10028
ChrysanthemumRust120 – 15028
Re-entry time (REI) — 24 hours
Spray interval — (7-10) days
Application number: 2-3 times for one season

Active Ingredient

  • Fluopyram20%
  • Tebuconazole20%
  • Inert ingredients60%
  • Total100%

KEEP OUT OF REACH OF CHILDREN — UNDER LOCKED

Caution

  • Follow the recommended application rate and avoid excessive application.
  • Do not eat, drink and smoke while preparing or using the pesticide.
  • Toxic to fish and aquatic organism. Do not contaminate water source.
  • Pregnant or sensitized persons should not apply pesticides.
  • Wear protective clothing and equipment (e.g. overalls, goggle, PVC gloves and respirator etc.) at all times when handling pesticide.
  • Wash hands thoroughly after use.
  • Do not place or store the container near fire, heater, electrical warmer or heated areas (or at place where temperature is above Room temperature).

First aid

  • Eye contact: Flush eyes with clean water, holding eyelids apart for a minimum of 15 minutes. Remove contact lenses, if present, after 5 minutes, then continue rinsing eye. Obtain medical attention immediately if irritation persists.
  • Skin contact: Immediately remove contaminated clothing and wash skin, hair and fingernails thoroughly with soap and water for 15–20 minutes. Call a poison control centre or doctor for treatment advice.
  • Inhalation: Move victim to fresh air. Administer artificial respiration or preferably mouth-to-mouth if patient is not breathing; if breathing is laboured supply oxygen. Only qualified personnel should administer oxygen. Immediately obtain medical attention.
  • Ingestion: If swallowed, have person sip a glass of water if able to swallow. Do not give anything by mouth to an unconscious person. Do not induce vomiting unless directed by a physician or a poison control center. Immediately obtain medical attention.
  • Advice to physician: No specific antidote.

Storage and transport

Do not contaminate water, food, or feed by storage or disposal. Store in a cool, dry place and in such a manner as to prevent cross contamination with other pesticides, fertilizers, food, and feed. Store in original container and out of the reach of children, preferably in a locked storage area.

Handle and open container in a manner as to prevent spillage. If the container is leaking, invert to prevent leakage. If container is leaking or material spilled for any reason or cause, carefully dam up spilled material to prevent runoff. Refer to Precautionary Statements on label for hazards associated with the handling of this material. Do not walk through spilled material. Absorb spilled material with absorbing type compounds and dispose of as directed for pesticides below. In spill or leak incidents, keep unauthorized people away. You may contact the Bayer Environmental Science Emergency Response Team for decontamination procedures or any other assistance that may be necessary.

Disposal

Pesticide Disposal: Wastes resulting from the use of this product may be disposed of on site or at an approved waste disposal facility.

Container Disposal: Triple rinse (or equivalent). Then offer for recycling or reconditioning, or puncture and dispose of in a sanitary landfill or by incineration, or, if allowed by State and local authorities, by burning. If burned, stay out of smoke.

“အဆိပ်”

အသုံးမပြုမီ ဆေးအညွှန်းကို သေချာစွာ ဖတ်ပါ။

အသုံးပြုနည်း

သီးနှံနှိမ်နင်းနိုင်သောရောဂါဆေးနှုန်းထားသီးနှံမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ရက်
ခရမ်းချဉ်စောပင်နာကျရောဂါ၁၅၀ – ၁၉၀၂၈
စပါးရွက်ဖုံးခြောက်ရောဂါ၁၂၀ – ၁၅၀၂၈
ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်သံချေးရောဂါ၊ ဖားဥမှိုရောဂါ၁၂၀ – ၂၅၀၂၁
ကြက်သွန်နီ၊ ကြက်သွန်ဖြူတောက်တဲ့မီးရောဂါ၁၂၀ – ၂၅၀
ငရုတ်မှဲ့ပျောက်စွန်းရောဂါ၁၅၀ – ၂၀၀
သခွား၊ ဖရဲ၊ သဘွတ်ဖားဥမှိုရောဂါ၁၂၀ – ၁၅၀
လိမ္မော်မျိုးရင်း အပင်အစေးထွက်ရောဂါ၊ အနက်ကွက်ရောဂါ၁၀၀ – ၁၂၀၂၈
ပန်းသီးပင်ညိုကွက်ရောဂါ၊ အခွံအက်ရောဂါ၈၀ – ၁၀၀၂၈
ဂန္ဓမာပန်းသံချေးရောဂါ၁၂၀ – ၁၅၀၂၈
ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်နိုင်သောကာလ — (၂၄) နာရီ
ဆေးဖျန်းကြားကာလ — (၇-၁၀) ရက်
သီးနှံတစ်ရာသီ ဆေးဖျန်းကြိမ်ရေ (၂-၃) ကြိမ်

ပါဝင်ပစ္စည်း

  • Fluopyram၂၀%
  • Tebuconazole၂၀%
  • အခြားပါဝင်ပစ္စည်း၆၀%
  • စုစုပေါင်း၁၀၀%

ကလေးများ လက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။

သတိပြုရန် အချက်များ

  • အသုံးပြုသည့် ဆေးနှုန်းအတိုင်း အသုံးပြုပါ။ ပိုမိုအသုံးမပြုရ။
  • ဆေးကိုင်တွယ်အသုံးပြုနေစဉ် အစားမစား၊ ရေမသောက်ရ၊ ဆေးလိပ်မသောက်ရ။
  • ငါးနှင့် ရေနေသတ္တဝါများအား အဆိပ်သင့်စေသည်။ ရေအရင်းအမြစ်များ မညစ်ညမ်းစေရ။
  • ကိုယ်ဝန်ရှိသူများနှင့် အသည်းအသန်ဖျားနာနေသူများ ဆေးပက်ဖျန်းခြင်း မပြုရ။
  • ဆေးပက်ဖျန်းစဉ် လက်ရည်အင်္ကျီ၊ ဘောင်းဘီရှည်၊ မျက်မှန်၊ PVC လက်အိတ်၊ နှာခေါင်းစည်း စသည့် ကာကွယ်ရေးဝတ်စုံအပြည့်အစုံ ဝတ်ဆင်ပါ။
  • ဆေးကိုင်တွယ်အသုံးပြုပြီး ခြေလက်များကို ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ပါ။
  • ဆေးဘူးအား မီး၊ အပူပေးစက်၊ လျှပ်စစ်အပူပေးကိရိယာနှင့် အပူချိန်မြင့်မားသောနေရာများတွင် မထားရ (အခန်းအပူချိန်ထက်ကျော်လွန်သောနေရာတွင် မသိုလှောင်ရ)။

ရှေးဦးသူနာပြုနည်း

  • မျက်လုံးထဲဝင်လျှင်: မျက်ခမ်းများကို ဟထားပြီး ရေသန့်ဖြင့် အနည်းဆုံး ၁၅ မိနစ်ခန့် ဆေးကြောပါ။ ကွန်တက်လင့်တပ်ထားလျှင် ၅ မိနစ်အကြာတွင် ဖြုတ်ပြီး ဆက်ဆေးပါ။ ယားယံမှုမပျောက်ပါက ချက်ချင်း ဆေးဝန်ထမ်းထံ ပြသပါ။
  • အရေပြားထိမိလျှင်: ဆေးထိမိသော အဝတ်အစားများကို ချက်ချင်းချွတ်ပြီး ဆေးထိမိသောနေရာ၊ ဆံပင်နှင့် လက်သည်းများကို ဆပ်ပြာဖြင့် ၁၅–၂၀ မိနစ် ဆေးကြောပါ။ အဆိပ်ဖြေဌာန သို့မဟုတ် ဆရာဝန်ထံ ဆက်သွယ်ပါ။
  • ရှူရှိုက်မိလျှင်: လူနာအား လေကောင်းလေသန့်ရသောနေရာသို့ ရွှေ့ပါ။ အသက်ရှုမှုရပ်နေပါက ပါးစပ်ချင်းအသက်ရှုမှုပြုပြင်ပေးပါ။ အသက်ရှုခက်ခဲပါက အောက်ဆီဂျင်ပေးပါ (ကျွမ်းကျင်သူသာပေးရမည်)။ ချက်ချင်း ဆေးဝန်ထမ်းထံ ပြသပါ။
  • မျိုမိလျှင်: လူနာမျိုနိုင်ပါက ရေတစ်ခွက် တိုက်ပါ။ အသိမရှိသောလူနာအား ပါးစပ်မှ ဘာမျှ မကျွေးရ။ ဆရာဝန် သို့မဟုတ် အဆိပ်ဖြေဌာနမှ ညွှန်ကြားခြင်း မရှိပါက အန်အောင် မလုပ်ရ။ ချက်ချင်း ဆေးဝန်ထမ်းထံ ပြသပါ။
  • အဆိပ်ဖြေဆေး — သီးသန့်မရှိပါ။ လက္ခဏာအရ ကုသပါ။

သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း

သိုလှောင်ခြင်း၊ စွန့်ပစ်ခြင်းအားဖြင့် ရေ၊ အစားအစာ၊ တိရစ္ဆာန်စာများ မညစ်ညမ်းစေရ။ အခြားပိုးသတ်ဆေး၊ မြေဩဇာ၊ အစားအစာ၊ တိရစ္ဆာန်စာများနှင့် ရောယှက်မှုမဖြစ်စေရန် အေးပြီး ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းပါ။ ကလေးများ လက်လှမ်းမမီသောနေရာတွင် မူလဆေးဘူးအတိုင်း သော့ခတ်ထားသော သိမ်းဆည်းရာနေရာတွင် ထားရှိပါ။

ဆေးမပေါက်ကျစေရန် ဂရုတစိုက်ကိုင်တွယ်၍ ဖွင့်ပါ။ ဆေးဘူးယိုစိမ့်နေပါက မယိုစိမ့်စေရန် မှောက်ထားပါ။ ဆေးယိုစိမ့်ခြင်း၊ ဖိတ်စဉ်မှုဖြစ်ပါက စီးမကျစေရန် ဂရုတစိုက် တားဆီးပါ။ ဖိတ်စဉ်ထားသောနေရာအား မဖြတ်သွားရ။ စုပ်ယူသောပစ္စည်းများဖြင့် ဖိတ်စဉ်သောဆေးများကို စုပ်ယူပြီး ပိုးသတ်ဆေး စွန့်ပစ်နည်းအတိုင်း စွန့်ပစ်ပါ။ ဆေးယိုစိမ့်ခြင်း ဖြစ်ပွားပါက ခွင့်ပြုချက်မရှိသူများ မချဉ်းကပ်စေရ။ လိုအပ်ပါက Bayer Environmental Science Emergency Response Team ထံ ဆက်သွယ်နိုင်ပါသည်။

စွန့်ပစ်ခြင်း

ဆေးအကြွင်းအကျန် စွန့်ပစ်ခြင်း — ဤဆေးအသုံးပြုမှုမှ ကျန်ရှိသောစွန့်ပစ်ပစ္စည်းများကို လုပ်ငန်းခွင်တွင် စွန့်ပစ်ခြင်း သို့မဟုတ် တရားဝင်ခွင့်ပြုထားသော စွန့်ပစ်ရာဌာနတွင် စွန့်ပစ်နိုင်ပါသည်။

ဆေးဘူးခွံ စွန့်ပစ်ခြင်း — သုံးကြိမ်ဆေးကြောပါ။ ထို့နောက် ပြန်လည်အသုံးပြုရန်/ပြန်လည်ပြုပြင်ရန် ပေးအပ်ခြင်း၊ သို့မဟုတ် ဖောက်ပြီး သန့်ရှင်းသောအမှိုက်ကျင်းတွင် မြေမြှုပ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း (ဒေသဆိုင်ရာ အာဏာပိုင်များ ခွင့်ပြုပါက) ပြုနိုင်ပါသည်။ မီးရှို့ပါက ဆေးမီးခိုးမှ ရှောင်ပါ။

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911