Soluble liquid antibiotic fungicide controlling sheath blight, damping off, root rot and soft rot across rice, vegetables and pulses.
စပါး၊ ဟင်းသီးဟင်းရွက်နှင့် ပဲမျိုးစုံအတွက် ပင်ခြေပုပ်၊ မြစ်ပုပ်နှင့် ရွက်ဖျန်းခြောက်ရောဂါများကို ကာကွယ်ကုသနိုင်သော ဆေးရည်ဖြစ်သည်။
Content transcribed exactly from the official product label.
မူလဆေးအညွှန်းပါ စာသားအတိုင်း တိကျစွာ ဖော်ပြထားပါသည်။
Read label carefully before using the products.
| Crops | Target Disease | Dosage (cc/ac) | PHI (Days) |
|---|---|---|---|
| Rice | Bacterial Sheath blight, Bacterial Leaf streak, Blast, False smut | 250–600 | 14 |
| Tomato, Potato | Damping off, Tuber rot | 250–600 | 14 |
| Green gram, Black gram | Damping off, Root rot | 250–600 | 14 |
| Chilli | Damping off, Root rot | 250–600 | 14 |
| Garlic, Onion | Damping off, Onion soft rot | 250–600 | 14 |
| Cabbage, Cauliflower | Soft rot, Collar rot | 250–600 | 14 |
| Betel | Foot rot | 250–500 | 14 |
| Sesame | Black stem rot | 250–500 | 14 |
| Citrus | Canker | 250–500 | 14 |
KEEP OUT OF REACH OF CHILDREN — UNDER LOCKED
Do not contaminate water, food, or feed by storage or disposal. Store in a cool, dry place and in such a manner as to prevent cross contamination with other pesticides, fertilizers, food, and feed. Store in original container and out of the reach of children, preferably in a locked storage area.
Handle and open container in a manner as to prevent spillage. If the container is leaking, invert to prevent leakage. If container is leaking or material spilled for any reason or cause, carefully dam up spilled material to prevent runoff. Refer to Precautionary Statements on label for hazards associated with the handling of this material. Do not walk through spilled material. Absorb spilled material with absorbing type compounds and dispose of as directed for pesticides below. In spill or leak incidents, keep unauthorized people away. You may contact the Bayer Environmental Science Emergency Response Team for decontamination procedures or any other assistance that may be necessary.
Pesticide Disposal: Wastes resulting from the use of this product may be disposed of on site or at an approved waste disposal facility.
Container Disposal: Triple rinse (or equivalent). Then offer for recycling or reconditioning, or puncture and dispose of in a sanitary landfill or by incineration, or, if allowed by State and local authorities, by burning. If burned, stay out of smoke.
GHS Class –(5) · WARNING
Registration No. …. · Batch No. · Manufacturing date: · Expiry date: · Net volume:
အသုံးမပြုမီ ဆေးအညွှန်းကို သေချာစွာ ဖတ်ပါ။
| သီးနှံ | နှိမ်နင်းနိုင်သောရောဂါ | ဆေးနှုန်းထား (စီစီ/ဧက) | ဆေးဖျန်းပြီးနောက် ရိတ်သိမ်းခူးဆွတ်ရန် စောင့်ဆိုင်းရမည့်ရက် |
|---|---|---|---|
| စပါး | စပါးရွက်ဖျန်းခြောက်ရောဂါ၊ စပါးရွက်ခြောက်ရောဂါ၊ ဂုတ်ကျိုးရောဂါ | ၄၀၀–၆၀၀ | ၁၄ |
| ခရမ်းချဉ်၊ အာလူး | ပင်ညှိုးရောဂါ၊ အာလူးပုပ်ရောဂါ | ၃၀၀–၃၅၀ | ၂၁ |
| ပဲတီစိမ်း၊ မတ်ပဲ | ပင်ခြေပုပ်ရောဂါ၊ မြစ်ပုပ်ရောဂါ | ၃၀၀–၃၅၀ | ၁၄ |
| ငရုတ် | ပင်ခြေပုပ်ရောဂါ၊ မြစ်ပုပ်ရောဂါ | ၃၀၀–၃၅၀ | ၁၄ |
| ကြက်သွန်ဖြူ၊ ကြက်သွန်နီ | ပင်ခြေပုပ်ရောဂါ၊ ကြက်သွန်ပုပ် | ၃၀၀–၃၅၀ | ၂၁ |
| ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ | ပုပ်ပွ၊ ပင်ခြေပုပ်ရောဂါ | ၃၀၀–၃၅၀ | ၂၁ |
| ကွမ်း | ပင်ခြေပုပ်ရောဂါ | ၂၅၀–၅၀၀ | ၁၄ |
| နှမ်း | နှမ်းရိုးမဲရောဂါ | ၂၅၀–၅၀၀ | ၁၄ |
| ရှောက်၊ သံပရာ | အနာစိမ်းရောဂါ | ၂၅၀–၅၀၀ | ၁၄ |
ပင်လုံးပြန်အာနိသင်ရှိ၍ ကာကွယ်ကုသနိုင်သော ဆေးဖြစ်သည်။
ကလေးများ လက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။
ဆေးမှတ်ပုံတင်အမှတ် (Regn. No) · ထုတ်လုပ်သည့်အမှတ်စဉ် (BN) · ထုတ်လုပ်သည့်နေ့စွဲ (DOM-yyy/mm/dd) · သက်တမ်းကုန်ဆုံးရက် (Exp. Date)
ဆေးဖျန်းချိန်တွင် လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်၊ အနားကျယ်ဦးထုပ်၊ လက်အိတ်၊ မျက်မှန်၊ နှာခေါင်းစည်း၊ လည်ရှည်ဖိနပ်စသည့် ကာကွယ်ရေးဝတ်စုံကို ဝတ်၍ ဆေးဖျန်းရန်။ အရေပြား၊ မျက်စိနှင့် အဝတ်အစားများကို ဆေးမစွန်း၊ မထိစေရ။ ဆေးငွေ့၊ ဆေးမှုန်များကို မရှူမိစေရ။ ဆေးကိုင်တွယ်အသုံးပြုနေစဉ် အစာမစားရ၊ ရေမသောက်ရ၊ ဆေးလိပ်မသောက်ရ။ ဆေးကိုင်တွယ်အသုံးပြုပြီး ခြေ၊ လက်များကို ဆပ်ပြာဖြင့် ရေများများဖြင့် သေချာစွာ ဆေးကြောသန့်စင်ပါ။ လေအထက်မှ ဆေးဖျန်းပါ။ ငါးမွေးကန်များအနီး ဆေးဖျန်းခြင်းမပြုရ။
အဆိပ်သင့်မှု — ရေနေသတ္တဝါများအား အဆိပ်သင့်မှုဖြစ်စေသည်။
ကလေးများ လက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းရန်။ မျက်လုံး၊ အရေပြားတို့နှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ အေးပြီးခြောက်သွေ့သော လေဝင်လေထွက်ကောင်းသောနေရာတွင် မူလဆေးအိုးအတိုင်း အဖုံးပိတ်ထားပါ။ နေရောင်ခြည်တိုက်ရိုက်ကျရောက်နေသောနေရာတွင် ကြာရှည်စွာ မသိုလှောင်ရ။ ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာ၊ မျိုးစေ့နှင့် မြေဩဇာများနှင့် ဝေးရာ၌ သော့ခတ်သိမ်းဆည်းပါ။ အသုံးပြုပြီးသော ဆေးဘူးခွံများကို သေချာစွာဖျက်ဆီးပစ်ပါ။ ရေတွင်း၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင်များအတွင်းသို့ ဆေးအကြွင်း၊ အကျန်များ၊ ဆေးဘူးခွံများကို မလောင်းထည့်ရ၊ မစွန့်ပစ်ရ။
အဆိပ်သင့်မှုအဆင့်အတန်း GHS အုပ်စု (၅)
Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.
+86 187 8902 7088
Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.
09 4236 93911