Home/ Knowledge/ Coral Zeb Pyar

Coral Zeb Pyar

Mancozeb 80% WP — Broad-spectrum protective & contact fungicide.

Coral Zeb Pyar label
POISON · အဆိပ်

Coral Zeb Pyar / ကော်ရယ်လ်ဇက်ပြာ

Mancozeb 80% WP

Broad-spectrum protective and contact fungicide.

ပင်လုံးပြန့်အာနိသင်ရှိ၍ ကာကွယ်ကုသနိုင်သော ဆေးဖြစ်သည်။

WP Formulation GHS Class 5 Re-entry 24 hrs 7–14 day interval
Product Label · ဆေးအညွှန်း

Directions for Use

အသုံးပြုနည်း

Content transcribed exactly from the official product label.

မူလဆေးအညွှန်းပါ စာသားအတိုင်း တိကျစွာ ဖော်ပြထားပါသည်။

“POISON”

Read label carefully before using the products.

Direction for Use

CropTarget diseaseDosage (g/ac)PHI (days)
Tomato, PotatoEarly blight, Late blight400 – 80021
Cucumber, Watermelon, MuskmelonDowny mildew, Anthracnose400 – 80021
ChilliAnthracnose, Die back, Cercospora leaf spot400 – 80021
GrapesPowdery mildew, Downy mildew, Anthracnose400 – 80028
Garlic, OnionDowny mildew, Purple blotch400 – 80021
Greengram, Blackgram, SoybeanLeaf spot, Rust, Powdery mildew400 – 80014
RiceBlast, Bacterial leaf blight400 – 80021
MangoAnthracnose400 – 80021
Re-entry time (REI): 24 hours
Spray interval: 7–14 days
Application number: 2–3 times for one season

Active Ingredient

  • Mancozeb80%
  • Inert ingredients20%
  • Total100%

KEEP OUT OF REACH OF CHILDREN — UNDER LOCKED

Caution

  • Follow the recommended application rate and avoid excessive application.
  • Do not eat, drink and smoke while preparing or using the pesticide.
  • Toxic to fish and aquatic organism. Do not contaminate water source.
  • Pregnant or sensitized persons should not apply pesticides.
  • Wear protective clothing and equipment (e.g. overalls, goggle, PVC gloves and respirator etc.) at all times when handling pesticide.
  • Wash hands thoroughly after use.
  • Do not place or store the container near fire, heater, electrical warmer or heated areas (or at place where temperature is above Room temperature).

First aid

  • Eye contact: Flush eyes with clean water, holding eyelids apart for a minimum of 15 minutes. Remove contact lenses, if present, after 5 minutes, then continue rinsing eye. Obtain medical attention immediately if irritation persists.
  • Skin contact: Immediately remove contaminated clothing and wash skin, hair and fingernails thoroughly with soap and water for 15–20 minutes. Call a poison control centre or doctor for treatment advice.
  • Inhalation: Move victim to fresh air. Administer artificial respiration or preferably mouth-to-mouth if patient is not breathing; if breathing is laboured supply oxygen. Only qualified personnel should administer oxygen. Immediately obtain medical attention.
  • Ingestion: If swallowed, have person sip a glass of water if able to swallow. Do not give anything by mouth to an unconscious person. Do not induce vomiting unless directed by a physician or a poison control center. Immediately obtain medical attention.
  • Advice to physician: No specific antidote.

Storage and transport

Do not contaminate water, food, or feed by storage or disposal. Store in a cool, dry place and in such a manner as to prevent cross contamination with other pesticides, fertilizers, food, and feed. Store in original container and out of the reach of children, preferably in a locked storage area.

Handle and open container in a manner as to prevent spillage. If the container is leaking, invert to prevent leakage. If container is leaking or material spilled for any reason or cause, carefully dam up spilled material to prevent runoff. Refer to Precautionary Statements on label for hazards associated with the handling of this material. Do not walk through spilled material. Absorb spilled material with absorbing type compounds and dispose of as directed for pesticides below. In spill or leak incidents, keep unauthorized people away.

Disposal

Pesticide Disposal: Wastes resulting from the use of this product may be disposed of on site or at an approved waste disposal facility.

Container Disposal: Triple rinse (or equivalent). Then offer for recycling or reconditioning, or puncture and dispose of in a sanitary landfill or by incineration, or, if allowed by State and local authorities, by burning. If burned, stay out of smoke.

GHS Class – (5)

“အဆိပ်”

အသုံးမပြုမီ ဆေးအညွှန်းကို သေချာစွာ ဖတ်ပါ။

အသုံးပြုနည်း (အသုံးပြုမည့် အသီးအနှံနှင့် သီးနှံရောဂါများ)

သီးနှံနှိမ်နင်းနိုင်သောရောဂါဆေးနှုန်းထား (ဂရမ်/ဧက)ဆေးဖျန်းပြီးနောက် ရိတ်သိမ်းခူးဆွတ်ရန် စောင့်ဆိုင်းရမည့်ရက်
ခရမ်းချဉ်၊ အာလူးစောပင်နာကျ၊ နှောင်းပင်နာကျ၄၀၀ – ၈၀၀၂၁
သခွား၊ ဖရဲ၊ သခွားမွှေးဒေါင်းနီရွက်ခြောက်၊ မှဲ့ပြောက်မှို၄၀၀ – ၈၀၀၂၁
ငရုတ်မှဲ့ပြောက်မှို၊ ကိုင်းဖျားခြောက်၊ ရွက်ပြောက်ရောဂါ၄၀၀ – ၈၀၀၂၁
စပျစ်ဖားဥမှိုရောဂါ၊ ဒေါင်းနီရွက်ခြောက်၊ မှဲ့ပြောက်မှို၄၀၀ – ၈၀၀၂၈
ကြက်သွန်ဖြူ၊ ကြက်သွန်နီဒေါင်းနီရွက်ခြောက်၊ တောက်တဲ့မီးရောဂါ၄၀၀ – ၈၀၀၂၁
ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်ရွက်ပြောက်ရောဂါ၊ သံချေးရောဂါ၊ ဖားဥမှို၄၀၀ – ၈၀၀၁၄
စပါးဂုတ်ကျိုးရောဂါ၊ ဘက်တီးရီးယားရွက်ခြောက်၄၀၀ – ၈၀၀၂၁
သရက်မှဲ့ပြောက်မှို၄၀၀ – ၈၀၀၂၁
ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်နိုင်သောကာလ - (၂၄) နာရီ
သီးနှံတစ်ရာသီ ဆေးဖျန်းကြိမ်ရေ (၂–၃) ကြိမ်
ရောဂါကျရောက်မှုပေါ်မူတည်၍ (၇–၁၄) ရက်ခြားတစ်ကြိမ်ဖျန်းပါ။

ပါဝင်ပစ္စည်း

  • Mancozeb၈၀%
  • အခြားပါဝင်ပစ္စည်း၂၀%
  • စုစုပေါင်း၁၀၀%

ကလေးများ လက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။

သတိပြုရန် အချက်များ

  • ဆေးဖျန်းချိန်တွင် လက်အိတ်စွပ်ပါ။ ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်၊ လက်အိတ်၊ မျက်မှန်၊ နှာခေါင်းစည်းတို့ပါဝင်သည့် လုံခြုံစိတ်ချရသော ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်၍ ဆေးဖျန်းပါ။
  • ဆေးငွေ့၊ မျက်စိနှင့် အဝတ်အစားများကို ဆေးမှုန်နှင့် မထိမိစေရ။ ဆေးမှုန်များကို မရှူမိစေရ။
  • ဆေးကိုင်တွယ်အသုံးပြုနေစဉ် အစားမစားရ၊ ရေမသောက်ရ၊ ဆေးလိပ်မသောက်ရ။
  • ဆေးကိုင်တွယ်အသုံးပြုပြီးချင်း လက်များကို ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ပါ။
  • လေဆန်ဘက်မှ ဆေးဖျန်းခြင်း၊ ငါးမွေးကန်များအနီး ဆေးဖျန်းခြင်းမှ ရှောင်ကြဉ်ပါ။
  • ကိုယ်ဝန်ရှိသူများနှင့် ဓာတ်မတည့်သူများ ဆေးပက်ဖျန်းခြင်း မပြုရ။
  • အကြံပြုထားသော ဆေးနှုန်းအတိုင်းသာ အသုံးပြုပါ။ ပိုမို၍ မသုံးရ။

အဆိပ်သင့်မှု

ငါးနှင့် ရေနေသတ္တဝါများအား အဆိပ်သင့်မှုဖြစ်စေသည်။ ရေအရင်းအမြစ်များကို မညစ်ညမ်းစေရ။

သိုလှောင်ခြင်းနှင့် စနစ်တကျ ကိုင်တွယ်ခြင်း

ကလေးများ လက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှ ရှောင်ကြဉ်ပါ။ အေးပြီးခြောက်သွေ့သော လေဝင်လေထွက်ကောင်းသောနေရာတွင် မူလဆေးဘူးအတိုင်း အဖုံးပိတ်ထားပါ။ နေရောင်ခြည်တိုက်ရိုက် ကျရောက်သောနေရာတွင် ထားရှိခြင်းမှ ရှောင်ကြဉ်ပါ။ ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာ၊ မျိုးစေ့များ၊ မြေဩဇာများနှင့် ဝေးရာတွင် သော့ခတ်သိမ်းဆည်းပါ။ အသုံးပြုပြီး ဆေးဘူးခွံများကို သေချာစွာ မြေမြှုပ်စွန့်ပစ်ပါ။ ပြန်မသုံးရ။ ရေတွင်း၊ ရေကန်၊ အင်းအိုင်များအတွင်းသို့ ဆေးအကြွင်းအကျန်များ၊ ဆေးဘူးခွံများကို မလောင်းချရ၊ မစွန့်ပစ်ရ။

ရှေးဦးသူနာပြုနည်း

အဆိပ်သင့်မှုဖြစ်ပေါ်လျှင် ဆရာဝန်နှင့် ချက်ချင်းပြသပါ။ အန်အောင် မလုပ်ရ။ ရေတစ်ခွက်တိုက်ပါ။ အသက်ရှူရပ်သွားလျှင် လေရအောင် လုပ်ပေးပါ။ ပါးစပ်ချင်းတေ့၍ နှာခေါင်းနှင့် ပါးစပ်ကို လေရအောင် လုပ်ပေးပါ။ မျက်လုံးထဲဝင်လျှင် ရေဖြင့် ချက်ချင်း ဆေးပါ။ အရေပြားထိမိလျှင် ဆေးထိမိသောနေရာကို ဆပ်ပြာနှင့် ရေများများဖြင့် ဆေးပစ်ပါ။ ရှူရှိုက်မိလျှင် လူနာကို လေကောင်းလေသန့်ရသောနေရာသို့ ရွှေ့ပါ။ လူနာအား နီးစပ်ရာ ဆရာဝန်ထံသို့ ဆေးဘူး/ဆေးအိတ်ခွံနှင့်အတူ အမြန်ဆုံး ပို့ပေးပါ။

အဆိပ်ဖြေဆေး — သီးသန့်မရှိပါ။ နီးစပ်ရာ ဆရာဝန်ထံ အဆိပ်သင့်လက္ခဏာအရ ကုသပါ။

အဆိပ်သင့်မှုအဆင့်အတန်း GHS အုပ်စု (၅)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911