Home/ Products/ Agro Chemicals/ Coral Conil

ကော်ရယ်ကိုနေးလ် — Coral Conil

Chlorothalonil 75% WP — Fungicide · ထိသေအာနိသင် (Contact) မှိုသတ်ဆေး · ကြိုတင်ကာကွယ်ရေး

Product Label · ဆေးအညွှန်း

Coral Conil — Product Label

ကော်ရယ်ကိုနေးလ် — ဆေးအညွှန်း

Coral Conil (Chlorothalonil 75% WP) 500 g pack
Coral Conil · Chlorothalonil 75% WP · 500 g

“POISON”

Read label carefully before using the products.

Active Ingredients

  • Chlorothalonil75% w/w
  • Other ingredients25% w/w
  • Total100%

Net Weight: 500 g · KEEP OUT OF REACH OF CHILDREN

Product Description

Coral Conil (Chlorothalonil 75% WP) is a broad-spectrum, protective contact fungicide formulated as a Wettable Powder (WP). It provides excellent preventive control of a wide range of fungal diseases by inhibiting spore germination before infection occurs. It forms a protective barrier on plant surfaces, reducing disease development and helping maintain healthy crop growth.

Mode of Action

  • Chlorothalonil is a protective, multi-site contact fungicide.
  • It reacts with essential sulfhydryl (-SH) groups of fungal enzymes, disrupting multiple metabolic processes required for fungal growth.
  • It prevents spore germination and infection before disease establishment.
  • Its multi-site activity significantly reduces the risk of fungicide resistance.

Directions for Use

  • Apply according to the recommended rate for each crop and disease.
  • Begin spraying before disease development or immediately after the first disease symptoms appear.
  • Repeat application every 7–10 days depending on disease pressure and weather conditions.
  • Ensure complete and uniform coverage of all plant surfaces.

Recommended Rate

CropRate / acreRate / 10 gal waterPHI (days)
Cucumber / Watermelon / Muskmelon500–800 g65–130 g25
Groundnut500–600 g65–130 g14
Chili500–800 g65–130 g25
Tomato / Potato500–800 g65–130 g25
Green gram / Black gram500–800 g65–130 g14
Grapes500–800 g65–130 g25
Paddy500–800 g65–130 g14
Spray interval: 7–10 days
Do not exceed the recommended rate

Target Crops

Cucumber, Watermelon, Muskmelon, Groundnut, Chili, Tomato, Potato, Green gram, Black gram, Grapes, Paddy, etc.

Target Diseases

Downy mildew, Anthracnose, Powdery mildew, Cercospora leaf spot, Rust, Early blight, Late blight, Rice blast, etc.

Precautions

  • Wear protective clothing, gloves, eye protection, and a face mask during mixing and application.
  • Do not eat, drink, or smoke while handling the product.
  • Keep out of reach of children.
  • Store away from food, feed, and drinking water.
  • Avoid contamination of rivers, ponds, and other water bodies.

Storage

Store in the original tightly closed container in a cool, dry, and well-ventilated place away from direct sunlight, food, feed, and children.

Disposal

Dispose of empty containers and unused product according to local regulations. Do not reuse empty containers for any purpose.

GHS Class –(5)

Registration No. …. · Batch No. · Manufacturing date: · Expiry date:

“အဆိပ်”

ဆေးအသုံးမပြုမီ အညွှန်းစာတို့ ထေရာစွာဖတ်ပါ။

ပါဝင်ပစ္စည်းများ

  • Chlorothalonil (ကလိုရိုသာလိုနေးလ်)၇၅%
  • အခြားပါဝင်ပစ္စည်းများ၂၅%
  • စုစုပေါင်း၁၀၀%

အသားတင်ပါဝင်မှု ၅၀၀ g · ကလေးများ လက်လှမ်းမမီသောနေရာတွင် သိမ်းဆည်းပါ။

အာနိသင်ဖော်ပြချက်

Coral Conil (Chlorothalonil 75% WP) သည် ရေတွင်ဖျော်၍ အသုံးပြုရသော Wettable Powder (WP) အမျိုးအစား ထိသေအာနိသင်ရှိ မှိုသတ်ဆေးဖြစ်ပါသည်။ သီးနှံအမျိုးမျိုးတွင် ဖြစ်ပွားတတ်သော မှိုရောဂါများကို ကြိုတင်ကာကွယ်နိုင်ပြီး မှိုမျိုးစေ့များ ပေါက်ဖွားခြင်းနှင့် ရောဂါပြန့်ပွားခြင်းကို ထိရောက်စွာ တားဆီးပေးပါသည်။ အပင်၏ အရွက်နှင့် အခြားမျက်နှာပြင်များပေါ်တွင် အကာအကွယ်တစ်ခု ဖွဲ့စည်းပေး၍ ရောဂါဖြစ်ပွားမှုကို လျှော့ချပေးပြီး သီးနှံများ ကျန်းမာသန်စွမ်းစေရန် ကူညီပေးပါသည်။

အာနိသင်နှင့် လုပ်ဆောင်ချက် (Mode of Action)

  • Chlorothalonil သည် ထိသေအာနိသင်ရှိ (Contact)၊ (Multi-site) မှိုသတ်ဆေးဖြစ်ပါသည်။
  • မှို၏ အရေးကြီးသော အင်ဇိုင်းများ၏ လုပ်ဆောင်မှုကို ဟန့်တားခြင်းဖြင့် မှိုမျိုးစေ့ပေါက်ဖွားမှုနှင့် ကြီးထွားမှုကို တားဆီးပေးပါသည်။
  • ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ရာတွင် အထူးထိရောက်ပြီး ဆေးယဉ်ပါးမှု ဖြစ်ပေါ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

အသုံးပြုရန် အညွှန်း

  • သီးနှံနှင့် ရောဂါအမျိုးအစားအလိုက် သတ်မှတ်ထားသော နှုန်းဖြင့် အသုံးပြုပါ။
  • ရောဂါမဖြစ်မီ သို့မဟုတ် ရောဂါ၏ ပထမဆုံးလက္ခဏာများ တွေ့ရှိသည်နှင့် စတင်ဖျန်းပါ။
  • ရောဂါကျရောက်မှုနှင့် ရာသီဥတုအခြေအနေပေါ်တည်၍ ၇–၁၀ ရက် အကြာတွင် ထပ်မံဖျန်းနိုင်ပါသည်။
  • အပင်တစ်ပင်လုံး စိုစွတ်အောင် ညီညာစွာ ဖျန်းပေးပါ။

အသုံးပြုနှုန်းထား

သီးနှံဧက/နှုန်း၁၀ ဂါလန်/နှုန်းရိတ်သိမ်းမီ (ရက်)
သခွား၊ ဖရဲ၊ သခွားမွှေး၅၀၀–၈၀၀ g၆၅–၁၃၀ g၂၅
မြေပဲ၅၀၀–၆၀၀ g၆၅–၁၃၀ g၁၄
ငရုတ်၅၀၀–၈၀၀ g၆၅–၁၃၀ g၂၅
ခရမ်းချဉ်၊ အာလူး၅၀၀–၈၀၀ g၆၅–၁၃၀ g၂၅
ပဲတီစိမ်း၊ မတ်ပဲ၅၀၀–၈၀၀ g၆၅–၁၃၀ g၁၄
စပျစ်၅၀၀–၈၀၀ g၆၅–၁၃၀ g၂၅
စပါး၅၀၀–၈၀၀ g၆၅–၁၃၀ g၁၄
ဖျန်းရမည့်ကြားကာလ — (၇–၁၀) ရက်
အကြံပြုထားသော နှုန်းထားထက် မပိုစေပါနှင့်။

အသုံးပြုနိုင်သော သီးနှံများ

သခွား၊ ဖရဲ၊ သခွားမွှေး၊ မြေပဲ၊ ငရုတ်၊ ခရမ်းချဉ်၊ အာလူး၊ ပဲတီစိမ်း၊ မတ်ပဲ၊ စပျစ်၊ စပါး စသည်။

ကာကွယ်နှိမ်နင်းနိုင်သော ရောဂါများ

ဒေါင်းနီးရွက်ခြောက်ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ဖားဥမှိုရောဂါ၊ ရွက်ခြောက်ရောဂါ၊ သံချေးရောဂါ၊ စောပင်နာကျရောဂါ၊ နှောင်းပင်နာကျရောဂါ၊ စပါးဂုတ်ကျိုးရောဂါ စသည်။

သတိပြုရန်အချက်များ

  • ဆေးရောစပ်ခြင်းနှင့် ဖျန်းခြင်းပြုစဉ် ကာကွယ်ရေးဝတ်စုံ၊ လက်အိတ်၊ မျက်မှန်၊ နှာခေါင်းစည်း ဝတ်ဆင်ပါ။
  • ဆေးကိုင်တွယ်နေစဉ် အစာမစားရ၊ ရေမသောက်ရ၊ ဆေးလိပ်မသောက်ရ။
  • ကလေးများ လက်လှမ်းမမီသောနေရာတွင် ထားပါ။
  • အစားအစာ၊ တိရစ္ဆာန်အစာနှင့် သောက်ရေများနှင့် ဝေးရာတွင် သိမ်းဆည်းပါ။
  • မြစ်၊ ချောင်း၊ ရေကန်များ ညစ်ညမ်းမှုမဖြစ်စေရန် ရှောင်ကြဉ်ပါ။

သိုလှောင်ရန်

မူလဘူးအတွင်း အဖုံးလုံးဝအောင်ပိတ်၍ အေးခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် နေရောင်တိုက်ရိုက်မကျရောက်စေဘဲ သိမ်းဆည်းပါ။

စွန့်ပစ်ခြင်း

အသုံးပြုပြီးသော ဘူးခွံနှင့် ကျန်ရှိသော ဆေးများကို ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စွန့်ပစ်ပါ။ ဘူးခွံကို အခြားအသုံးအဆောင်အဖြစ် ပြန်လည်အသုံးမပြုရပါ။

အဆိပ်ဖြစ်မှုအဆင့်အတန်း — GHS အုပ်စု (၅)

ဆေးမှတ်ပုံတင်အမှတ် (Reg. No.) · ထုတ်လုပ်မှုအမှတ်စဉ် (Lot No.) · ထုတ်လုပ်သည့်နေ့စွဲ (DOM) · သက်တမ်းကုန်ဆုံးရက် (EXP.)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911