Home/ Products/ Agro Chemicals/ Coral Zeb Pyar

ကော်ရယ်ဇက်ပြာ — Coral Zeb Pyar

Mancozeb 80% WP — Fungicide · ပင်လုံးပျံ့အနှံ့သင့်ရှိ ကာကွယ်နိုင်သော မှိုသတ်ဆေး

Product Label · ဆေးအညွှန်း

Coral Zeb Pyar — Product Label

ကော်ရယ်ဇက်ပြာ — ဆေးအညွှန်း

Coral Zeb Pyar (Mancozeb 80% WP) 500 g pack
Coral Zeb Pyar · Mancozeb 80% WP · 500 g

“POISON”

Read label carefully before using the products.

Active Ingredient

  • Mancozeb80%
  • Inert ingredients20%
  • Total100%

Net Weight: 500 g · KEEP OUT OF REACH OF CHILDREN

Product Description

Coral Mancozeb 80% WP is a broad-spectrum, protective fungicide formulated as a Wettable Powder (WP). It effectively controls a wide range of fungal diseases in various crops by preventing spore germination and inhibiting fungal growth. It provides reliable protection when applied before disease infection.

Directions for Use

  • Application Rate: Apply according to the recommended rate for each crop and disease.
  • Begin spraying before disease development or immediately after the first symptoms appear.
  • Repeat application every 7–10 days depending on disease pressure and weather conditions.
  • Ensure thorough coverage of all plant surfaces.
Spray interval: 7–10 days
Apply preventively, before disease establishment
Ensure full, even coverage of foliage

Mode of Action

  • Mancozeb is a contact, multi-site protective fungicide.
  • It acts by interfering with multiple enzyme systems in fungal cells, preventing spore germination and fungal growth.
  • It provides preventive disease control and reduces the risk of fungicide resistance development due to its multi-site activity.

Target Crops

Tomato, Potato, Cucumber, Watermelon, Muskmelon, Chili, Grapes, Garlic, Onion, Green gram, Black gram, Mango etc.

Target Diseases

Controls a broad range of fungal diseases including: Leaf Spot, Early Blight, Late Blight, Downy Mildew, Anthracnose, Rust, Powdery Mildew, Purple Blotch etc.

Precautions

  • Do not spray during strong winds.
  • Avoid spraying during the hottest part of the day.
  • Wear protective clothing, gloves, eye protection, and a face mask during mixing and application.
  • Do not eat, drink, or smoke while handling the product.
  • Keep out of reach of children.
  • Store away from food, feed, and drinking water.
  • Avoid contamination of rivers, ponds, and other water bodies.

Storage

Store in the original tightly closed container in a cool, dry, and well-ventilated place away from direct sunlight, food, feed, and children.

Disposal

Dispose of empty containers safely according to local regulations. Do not reuse empty containers for any purpose.

GHS Class –(5) · WARNING

Registration No. …. · Batch No. · Manufacturing date: · Expiry date:

“အဆိပ်”

အသုံးမပြုမီ ဆေးအညွှန်းကို သေချာစွာ ဖတ်ပါ။

ပါဝင်ပစ္စည်း

  • Mancozeb (မန်ကိုဇက်)၈၀%
  • အခြားပါဝင်ပစ္စည်းများ၂၀%
  • စုစုပေါင်း၁၀၀%

အသားတင်ပါဝင်မှု ၅၀၀ ဂရမ် · ကလေးများ လက်လှမ်းမမီသောနေရာတွင် သိမ်းဆည်းပါ။

အာနိသင်ဖော်ပြချက်

Coral Mancozeb 80% WP သည် ရေတွင်ဖျော်၍ အသုံးပြုရသော Wettable Powder (WP) အမျိုးအစား ထိသေအာနိသင်ရှိ မှိုသတ်ဆေးဖြစ်ပါသည်။ သီးနှံအမျိုးမျိုးတွင် ဖြစ်ပွားတတ်သော မှိုရောဂါများကို ကြိုတင်ကာကွယ်ပေးပြီး ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ လျှော့ချပေးနိုင်ပါသည်။ ရောဂါမဖြစ်မီ ကြိုတင်အသုံးပြုပါက အကောင်းဆုံးကာကွယ်မှုကို ရရှိနိုင်ပါသည်။

အသုံးပြုရန် အညွှန်း

  • သီးနှံနှင့် ရောဂါအမျိုးအစားအလိုက် သတ်မှတ်ထားသော နှုန်းထားဖြင့် အသုံးပြုပါ။
  • ရောဂါမဖြစ်မီ သို့မဟုတ် ရောဂါစတင်တွေ့ရှိသည်နှင့် ဖျန်းပေးပါ။
  • ရောဂါကျရောက်မှုနှင့် ရာသီဥတုအခြေအနေပေါ်တည်၍ ၇–၁၀ ရက်ခန့်အကြာတွင် ထပ်မံဖျန်းနိုင်ပါသည်။
  • အပင်တစ်ပင်လုံး စိုစွတ်အောင် ညီညာစွာ ဖျန်းပေးပါ။
ဖျန်းရမည့်ကြားကာလ — (၇–၁၀) ရက်
ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ဖျန်းပါ။
အပင်တစ်ပင်လုံး ညီညာစွာ စိုစွတ်အောင် ဖျန်းပါ။

အာနိသင်နှင့် လုပ်ဆောင်ချက်

  • Mancozeb သည် ထိသေအာနိသင်ရှိ (Contact)၊ နေရာအများအပြားတွင် လုပ်ဆောင်သော (Multi-site) မှိုသတ်ဆေးဖြစ်ပါသည်။
  • မှို၏ အင်ဇိုင်းစနစ်များကို အနှောင့်အယှက်ဖြစ်စေပြီး မှိုမျိုးစေ့ပေါက်ပွားမှုနှင့် ကြီးထွားမှုကို တားဆီးပေးပါသည်။
  • ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ရာတွင် အထူးထိရောက်ပြီး ဆေးယဉ်ပါးမှုဖြစ်ပေါ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါသည်။

အသုံးပြုနိုင်သော သီးနှံများ

ခရမ်းချဉ်၊ အာလူး၊ သခွား၊ ဖရဲ၊ သခွားမွှေး၊ ငရုတ်၊ စပျစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲတောင့်ရှည်၊ မတ်ပဲ၊ သရက် စသည်။

ကာကွယ်နှိမ်နင်းနိုင်သော ရောဂါများ

ရွက်ပြောက်ရောဂါ၊ စောပစ်နာကျရောဂါ၊ နှောင်းပစ်နာကျရောဂါ၊ ဒေါင်းနီးရွက်ခြောက်ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ သံချေးရောဂါ၊ ဖားဥမှိုရောဂါ၊ တောက်တဲ့မြီးရောဂါ စသည်။

သတိပြုရန်အချက်များ

  • လေပြင်းတိုက်ချိန်တွင် ဆေးမဖျန်းရ။
  • နေပူပြင်းချိန်တွင် ဆေးဖျန်းခြင်းကို ရှောင်ပါ။
  • ဆေးရောစပ်ခြင်းနှင့် ဖျန်းခြင်းပြုစဉ် ကာကွယ်ရေးဝတ်စုံ၊ လက်အိတ်၊ မျက်မှန်၊ နှာခေါင်းစည်း ဝတ်ဆင်ပါ။
  • ဆေးကိုင်တွယ်နေစဉ် အစာမစားရ၊ ရေမသောက်ရ၊ ဆေးလိပ်မသောက်ရ။
  • ကလေးများ လက်လှမ်းမမီသောနေရာတွင် ထားပါ။
  • အစားအစာ၊ တိရစ္ဆာန်အစာနှင့် သောက်ရေများနှင့် ဝေးရာတွင် သိမ်းဆည်းပါ။
  • မြစ်၊ ချောင်း၊ ရေကန်များ ညစ်ညမ်းမှုမဖြစ်စေရန် ရှောင်ကြဉ်ပါ။

သိုလှောင်ရန်

မူလဘူးအတွင်း အဖုံးလုံအောင်ပိတ်၍ အေးမြခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသောနေရာတွင် နေရောင်တိုက်ရိုက်မကျရောက်စေဘဲ၊ အစားအစာ၊ တိရစ္ဆာန်အစာနှင့် ကလေးများနှင့် ဝေးရာတွင် သိမ်းဆည်းပါ။

စွန့်ပစ်ခြင်း

အသုံးပြုပြီးသော ဘူးခွံနှင့် ကျန်ရှိသော ဆေးရည်များကို ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ စွန့်ပစ်ပါ။ ဘူးခွံကို အခြားရည်ရွယ်ချက်ဖြင့် ပြန်လည်အသုံးမပြုရပါ။

အဆိပ်ဖြစ်မှုအဆင့်အတန်း — GHS အုပ်စု (၅)

ဆေးမှတ်ပုံတင်အမှတ် (Reg. No.) · ထုတ်လုပ်မှုအမှတ်စဉ် (Lot No.) · ထုတ်လုပ်သည့်နေ့စွဲ (DOM) · သက်တမ်းကုန်ဆုံးရက် (EXP.)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 112B, Area A, 4th Floor, Shenxin International Plaza, No. 30 Haitian East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911