Home/ Knowledge/ Coral Conil

Coral Conil

Chlorothalonil 75% WP — Broad-spectrum protective contact fungicide.

Coral Conil label
POISON · အဆိပ်

Coral Conil / ကော်ရယ်ကိုနီဆေးလပ်

Chlorothalonil 75% WP

Broad-spectrum protective contact fungicide for vegetables, pulses, fruits and rice.

ဟင်းသီးဟင်းရွက်၊ ပဲမျိုးစုံ၊ သစ်သီးနှင့် စပါးအတွက် ကာကွယ်ပေးသော မှိုသတ်ဆေး။

WP Formulation GHS Class 5 Re-entry 24 hrs 7–14 day interval
Product Label · ဆေးအညွှန်း

Directions for Use

အသုံးပြုနည်း

Content transcribed exactly from the official product label.

မူလဆေးအညွှန်းပါ စာသားအတိုင်း တိကျစွာ ဖော်ပြထားပါသည်။

“POISON”

Coral Conil — Chlorothalonil 75% WP. Read label carefully before using the products.

Direction for Use

CropTargetApplication dosage (g/ac)PHI (Days)
Cucumber, Watermelon, MuskmelonDowny mildew, Leaf spot400 – 80021
PeanutLeaf spot, Rust, Damping off400 – 60014
ChilliAnthracnose, Fruit rot400 – 80021
Potato, TomatoEarly blight, Late blight400 – 80021
Greengram, BlackgramRust, Powdery mildew400 – 80014
GrapesAnthracnose, Downy mildew, Powdery mildew400 – 80021
RiceBlast400 – 80014
2-3 times per season for crop
Spray interval 7-14 days
Re-entry time: 24 hours

Active Ingredient

  • Chlorothalonil75%
  • Innert ingredients25%
  • Total100%

KEEP OUT OF REACH OF CHILDREN — UNDER LOCKED

Caution

  • Follow the recommended application rate and avoid excessive application.
  • Do not eat, drink and smoke while preparing or using the pesticide.
  • Toxic to fish and aquatic organism. Do not contaminate water source.
  • Pregnant or sensitized persons should not apply pesticides.
  • Wear protective clothing and equipment (e.g. overalls, goggle, PVC gloves and respirator etc.) at all times when handling pesticide.
  • Wash hands thoroughly after use.
  • Do not place or store the container near fire, heater, electrical warmer or heated areas (or at place where temperature is above Room temperature).

First aid

  • Eye contact: Flush eyes with clean water, holding eyelids apart for a minimum of 15 minutes. Remove contact lenses, if present, after 5 minutes, then continue rinsing eye. Obtain medical attention immediately if irritation persists.
  • Skin contact: Immediately remove contaminated clothing and wash skin, hair and fingernails thoroughly with soap and water for 15-20 minutes. Call a poison control centre or doctor for treatment advice.
  • Inhalation: Move victim to fresh air. Administer artificial respiration or preferably mouth-to-mouth if patient is not breathing; if breathing is laboured supply oxygen. Only qualified personnel should administer oxygen. Immediately obtain medical attention.
  • Ingestion: If swallowed, have person sip a glass of water if able to swallow. Do not give anything by mouth to an unconscious person. Do not induce vomiting unless directed by a physician or a poison control center. Immediately obtain medical attention.
  • Advice to physician: No specific antidote.

Storage and transport

Do not contaminate water, food, or feed by storage or disposal. Store in a cool, dry place and in such a manner as to prevent cross contamination with other pesticides, fertilizers, food, and feed. Store in original container and out of the reach of children, preferably in a locked storage area.

Handle and open container in a manner as to prevent spillage. If the container is leaking, invert to prevent leakage. If container is leaking or material spilled for any reason or cause, carefully dam up spilled material to prevent runoff. Refer to Precautionary Statements on label for hazards associated with the handling of this material. Do not walk through spilled material. Absorb spilled material with absorbing type compounds and dispose of as directed for pesticides below. In spill or leak incidents, keep unauthorized people away. You may contact the Bayer Environmental Science Emergency Response Team for pesticide decontamination procedures or any other assistance that may be necessary.

Disposal

Pesticide Disposal: Wastes resulting from the use of this product may be disposed of on site or at an approved waste disposal facility.

Container Disposal: Triple rinse (or equivalent). Then offer for recycling or reconditioning, or puncture and dispose of in a sanitary landfill or by incineration, or, if allowed by State and local authorities, by burning. If burned, stay out of smoke.

GHS Class –(5) · WARNING

“အဆိပ်”

ကော်ရယ်ကိုနီဆေးလပ် (Chlorothalonil 75% WP)။ အသုံးမပြုမီ ဆေးအညွှန်းကို သေချာစွာ ဖတ်ပါ။

အသုံးပြုနည်း

သီးနှံနှိမ်နင်းနိုင်သောရောဂါဆေးနှုန်းထား (ဂရမ်/ဧက)သီးနှံမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ရက်
သခွား၊ ဖရဲ၊ သခွားမွှေးဒေါင်းနီရွက်ခြောက်ရောဂါ၊ ရွက်ပြောက်ရောဂါ၄၀၀ – ၈၀၀၂၁
မြေပဲမြေပဲရွက်ပြောက်ရောဂါ၊ သံချေးရောဂါ၊ ပင်ညှိုးရောဂါ၄၀၀ – ၆၀၀၁၄
ငရုတ်မှဲ့ပြောက်စွန်းရောဂါ၊ သီးပုပ်ရောဂါ၄၀၀ – ၈၀၀၂၁
ခရမ်းချဉ်၊ အာလူးစောပင်နာကျရောဂါ၊ နောက်ပင်နာကျရောဂါ၊ ပင်ခြေပုပ်ရောဂါ၊ မြစ်ပုပ်ရောဂါ၄၀၀ – ၈၀၀၂၁
ပဲတီစိမ်း၊ မတ်ပဲသံချေးရောဂါ၊ ဖားဥမှိုရောဂါ၄၀၀ – ၈၀၀၁၄
စပျစ်ဖားဥမှိုရောဂါ၊ ဒေါင်းနီရွက်ခြောက်ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၄၀၀ – ၈၀၀၂၁
စပါးဂုတ်ကျိုးရောဂါ၄၀၀ – ၈၀၀၁၄
ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်နိုင်သောကာလ - (၂၄) နာရီ
သီးနှံတစ်ရာသီ ဆေးဖျန်းကြိမ်ရေ (၂-၃) ကြိမ်
ရောဂါကျရောက်မှုအပေါ်မူတည်၍ (၇-၁၄) ရက်ခြားတစ်ကြိမ်ဖျန်းပါ။

ပါဝင်ပစ္စည်း

  • အာနိသင်ရှိပစ္စည်း — Chlorothalonil၇၅%
  • အခြားပါဝင်ပစ္စည်း၂၅%
  • စုစုပေါင်း၁၀၀%

ကလေးများ လက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။

သတိပြုရန် အချက်များ

  • ဆေးပက်ဖျန်းစဉ် လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်၊ အနားကျယ်သောဦးထုပ်၊ လက်အိတ်၊ မျက်မှန်နှင့် နှာခေါင်းစည်း စသည့် ကာကွယ်ရေးဝတ်စုံကို ဝတ်၍ ဆေးပက်ဖျန်းပါ။
  • အရေပြား၊ မျက်စိနှင့် အဝတ်အစားများကို ဆေးမစွန်း မထိမိစေရ။ ဆေးငွေ့၊ ဆေးမှုန့်များကို မရှူရှိုက်မိစေရ။
  • ဆေးကိုင်တွယ်အသုံးပြုနေစဉ် အစားမစား၊ ရေမသောက်ရ၊ ဆေးလိပ်မသောက်ရ။
  • ဆေးကိုင်တွယ်အသုံးပြုပြီး ခြေလက်များကို ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ပါ။
  • လေအထက်မှ ဆေးဖျန်းပါ။ လေဆန်တိုက်၍ ဆေးဖျန်းခြင်း မပြုရ။
  • ကိုယ်ဝန်ရှိသူများနှင့် အသည်းအသန်ဖျားနာနေသူများ ဆေးပက်ဖျန်းခြင်း မပြုရ။
  • ညွှန်ကြားထားသော ဆေးနှုန်းအတိုင်းသာ အသုံးပြုပါ။ ပိုမိုအသုံးမပြုရ။

အဆိပ်သင့်မှု

ရေနေသတ္တဝါများအား အဆိပ်သင့်မှုဖြစ်စေသည်။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

ကလေးများ လက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။ မျက်လုံး၊ အရေပြားတို့နှင့် ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ။ အေးပြီးခြောက်သွေ့သော လေဝင်လေထွက်ကောင်းသောနေရာတွင် မူလဆေးဘူးအတိုင်း အဖုံးပိတ်ပြီးထားပါ။ နေရောင်ခြည်တိုက်ရိုက်ကျရောက်နေရာတွင် ထားရှိခြင်းမှ ရှောင်ကျဉ်ပါ။ ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာများ၊ မျိုးစေ့များ၊ မြေဩဇာများနှင့် ဝေးရာတွင် သော့ခတ်သိမ်းဆည်းပါ။ အသုံးပြုပြီးသော ဆေးဘူးခွံများကို သေချာစွာ မြေမြှုပ်ပစ်ပါ။ ပြန်မသုံးရ။ မီးမရှို့ရ။ ချောင်း၊ မြောင်း၊ ရေကန်၊ အင်းအိုင်များအတွင်းသို့ ဆေးအကြွင်းအကျန်များ၊ ဆေးဘူးခွံများကို မလောင်းချရ၊ မစွန့်ပစ်ရ။

ရှေးဦးသူနာပြုစုနည်း

မျိုချမိလျှင် အဆိပ်သင့်မှုဖြစ်ပေါ်ပါက ဆရာဝန်နှင့်ပြပါ။ အန်အောင်မလုပ်ရ။ ရေတစ်ခွက်တိုက်ပါ။ အသက်ရှူရပ်သွားလျှင် လေရအောင်လုပ်ပေးပါ။ ပါးစပ်ချင်းတွေ့ခြင်း သို့မဟုတ် နှာခေါင်းနှင့် ပါးစပ်တွေ့၍ လေရအောင်လုပ်ပေးပါ။ မျက်လုံးထဲဝင်လျှင် ယားယံစေနိုင်ပါသည်။ အရေပြားထိမိလျှင် ဆေးထိသောနေရာကို ဆပ်ပြာနှင့် ရေများများဖြင့် ဆေးပစ်ပါ။ ရှူရှိုက်မိလျှင် လူနာကို လေကောင်းလေသန့်ရသည့်နေရာသို့ ရွှေ့ပါ။ လူနာကို ငြိမ်သက်စွာထားပေးပါ။ မျိုချမိပါက အသိလွတ်နေသူအား ပါးစပ်မှ ဘာမျှ မတိုက်ရ။ ဆေးဘူး၊ ဆေးအိတ်ခွံနှင့်အတူ ဆေးရုံသို့ ပြသပါ။

အဆိပ်ဖြေဆေး — သီးသန့်မရှိပါ။ နီးစပ်ရာဆရာဝန်ထံ အဆိပ်သင့်လက္ခဏာအရ ကုသပါ။

အဆိပ်သင့်မှုအဆင့်အတန်း GHS အုပ်စု (၅)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911