Home/ Knowledge/ Coral Dizole

Coral Dizole

Difenoconazole 15% + Propiconazole 15% EC — Systemic, broad-spectrum protective & curative fungicide.

Coral Dizole label
POISON · အဆိပ်

Coral Dizole / ကော်ရယ်ဒိုင်ဇိုးလ်

Difenoconazole 15% + Propiconazole 15% EC

Systemic fungicide with broad-spectrum protective and curative action.

ပင်လုံးပြန့်အာနိသင်ရှိ၍ ကာကွယ်ကုသနိုင်သော ဆေးဖြစ်သည်။

EC Formulation GHS Class 5 Re-entry 24 hrs 7–14 day interval
Product Label · ဆေးအညွှန်း

Directions for Use

အသုံးပြုနည်း

Content transcribed exactly from the official product label.

မူလဆေးအညွှန်းပါ စာသားအတိုင်း တိကျစွာ ဖော်ပြထားပါသည်။

“POISON”

Read label carefully before using the products.

Direction for Use

CropsTargetDosage (cc/ac)PHI (days)
RiceSheath Blight, Rice Blast, Brown leaf spot, False smut50 – 10014
ChilliAnthracnose, Die back, Fruit rot50 – 10021
Tomato, Potato, EggplantAnthracnose, Early Blight50 – 10021
Peanut, Greengram, BlackgramPowdery mildew, Rust, Leaf spot50 – 10021
MangoAnthracnose50 – 10021
Onion, GarlicPurple blotch, Rust50 – 10021
Betel vineAnthracnose, Foot rot50 – 10014
2-3 times per season of crop
Spray interval 7-14 days
Re-entry time (REI) : 24 hours

Active Ingredient

  • Difenoconazole15%
  • Propiconazole15%
  • Other ingredient70%
  • Total100%

KEEP OUT OF REACH OF CHILDREN — UNDER LOCKED

Caution

  • Follow the recommended application rate and avoid excessive application.
  • Do not eat, drink and smoke while preparing or using the pesticide.
  • Toxic to fish and aquatic organism. Do not contaminate water source.
  • Pregnant or sensitized persons should not apply pesticides.
  • Wear protective clothing and equipment (e.g. overalls, goggle, PVC gloves and respirator etc.) at all times when handling pesticide.
  • Wash hands thoroughly after use.
  • Do not place or store the container near fire, heater, electrical warmer or heated areas (or at place where temperature is above Room temperature).

First aid

  • If swallowed: Call a poison control center or doctor immediately for treatment advice. Have person sip a glass of water if able to swallow. Do not induce vomiting unless told to do so by a poison control center or doctor. Do not give anything by mouth to an unconscious person.
  • If on skin or clothing: Take off contaminated clothing. Rinse skin immediately with plenty of water for 15 to 20 minutes. Call a poison control center or doctor for treatment advice.
  • If in eyes: Hold eye open and rinse slowly and gently with water for 15 to 20 minutes. Remove contact lenses, if present, after the first 5 minutes, then continue rinsing eye. Call a poison control center or doctor for treatment advice.
  • Advice to physician: No specific antidote.

Storage and transport

Do not contaminate water, food, or feed by storage or disposal. Store in a cool, dry place and in such a manner as to prevent cross contamination with other pesticides, fertilizers, food, and feed. Store in original container and out of the reach of children, preferably in a locked storage area.

Handle and open container in a manner as to prevent spillage. If the container is leaking, invert to prevent leakage. If container is leaking or material spilled for any reason or cause, carefully dam up spilled material to prevent runoff. Refer to Precautionary Statements on label for hazards associated with the handling of this material. Do not walk through spilled material. Absorb spilled material with absorbing type compounds and dispose of as directed for pesticides below. In spill or leak incidents, keep unauthorized people away. You may contact the Bayer Environmental Science Emergency ResSponse Team for decontamination procedures or any other assistance that may be necessary.

Disposal

Pesticide Disposal: Wastes resulting from the use of this product may be disposed of on site or at an approved waste disposal facility.

Container Disposal: Triple rinse (or equivalent). Then offer for recycling or reconditioning, or puncture and dispose of in a sanitary landfill or by incineration, or, if allowed by State and local authorities, by burning. If burned, stay out of smoke.

GHS Class –(5)

“အဆိပ်”

အသုံးမပြုမီ ဆေးအညွှန်းကို သေချာစွာ ဖတ်ပါ။

အသုံးပြုနည်း

သီးနှံနှိမ်နင်းနိုင်သောရောဂါဆေးနှုန်းထား (စီစီ/ဧက)သီးနှံမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ရက်
စပါးရွက်ဖုံးခြောက်ရောဂါ၊ ရွက်ညိုပြောက်ရောဂါ၊ ဂုတ်ကျိုးရောဂါ၊ စပါးမှိုသီးရောဂါ၅၀ – ၁၀၀၁၄
ငရုတ်မှဲ့ပျောက်စွန်းရောဂါ၊ သီးတောင့်ပုပ်ရောဂါ၊ ကိုင်းဖျားခြောက်ရောဂါ၅၀ – ၁၀၀၂၁
အာလူး၊ ခရမ်းချဉ်၊ ခရမ်းမှဲ့ပျောက်စွန်းရောဂါ၊ စောပင်နာကျရောဂါ၅၀ – ၁၀၀၂၁
မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ မြေပဲရွက်ပြောက်ရောဂါ၅၀ – ၁၀၀၂၁
သရက်မှဲ့ပျောက်စွန်းရောဂါ၅၀ – ၁၀၀၂၁
ကြက်သွန်ဖြူ၊ ကြက်သွန်နီတောက်တဲ့မီးရောဂါ၊ သံချေးရောဂါ၅၀ – ၁၀၀၂၁
ကွမ်းမှဲ့ပျောက်စွန်းရောဂါ၊ ပင်ခြေပုပ်ရောဂါ၅၀ – ၁၀၀၁၄
ဆေးဖျန်းပြီးနောက် စိုက်ခင်းအတွင်း ပြန်လည်ဝင်ရောက်နိုင်သောကာလ - (၂၄) နာရီ
သီးနှံတစ်ရာသီ ဆေးဖျန်းကြိမ်ရေ (၂-၃) ကြိမ်
ရောဂါကျရောက်မှုပေါ်မူတည်၍ (၇-၁၄) ရက်ခြားတစ်ကြိမ်ဖျန်းပါ။

ပါဝင်ပစ္စည်း

  • Difenoconazole၁၅%
  • Propiconazole၁၅%
  • အခြားပါဝင်ပစ္စည်း၇၀%
  • စုစုပေါင်း၁၀၀%

ကလေးများ လက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။

သတိပြုရန် အချက်များ

  • ဆေးပက်ဖျန်းစဉ် လက်ရည်အင်္ကျီ၊ ဘောင်းဘီရှည်၊ အနားကျယ်သောဦးထုပ်၊ လက်အိတ်၊ မျက်မှန်၊ နှာခေါင်းနှင့်ပါးစပ်စည်း၊ လည်ရှည်ဖိနပ်စသည့် ကာကွယ်ရေးဝတ်စုံကို ဝတ်၍ ဆေးပက်ဖျန်းပါ။
  • အရေးပြာ၊ မျက်စိနှင့် အဝတ်အစားများကို ဆေးမစွန်း မထိမိစေရ။ ဆေးငွေ့၊ ဆေးမှုန့်များကို မရှူရှိုက်မိစေရ။
  • ဆေးကိုင်တွယ်အသုံးပြုနေစဉ် အစားမစား၊ ရေမသောက်ရ၊ ဆေးလိပ်မသောက်ရ။
  • ဆေးကိုင်တွယ်အသုံးပြုပြီး ခြေလက်များကို ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ပါ။
  • လေအထက်မှ ဆေးဖျန်းပါ။ ငါးမွေးကန်များအနီး ဆေးပက်ဖျန်းခြင်း မပြုရ။
  • ကိုယ်ဝန်ရှိသူများနှင့် အသည်းအသန်ဖျားနာနေသူများ ဆေးပက်ဖျန်းခြင်း မပြုရ။
  • အသုံးပြုသည့် ဆေးနှုန်းအတိုင်း အသုံးပြုပါ။ ပိုမိုအသုံးမပြုရ။

အဆိပ်သင့်မှု

ရေနေသတ္တဝါများအား အဆိပ်သင့်မှုဖြစ်စေသည်။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

ကလေးငယ်များ လက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။ မျက်လုံး၊ အရေပြားတို့နှင့် ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ။ အေးပြီးခြောက်သွေ့သော လေဝင်လေထွက်ကောင်းသောနေရာတွင် မူလဆေးဘူးအတိုင်း အဖုံးပိတ်ပြီးထားပါ။ နေရောင်ခြည်တိုက် ရိုက်ကျသောနေရာတွင် တာရှည်စွာ မသိုလှောင်ရ။ ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာများ၊ မျိုးစေ့များ၊ မြေဩဇာများနှင့် ဝေးရာတွင် သော့ခတ်သိမ်း ဆည်းပါ။ အေးခြင်းမှ ကာကွယ်ပါ။ အသုံးပြုသော ဆေးဘူးခွံများကို သေချာစွာ မြေမြှုပ်စွန့်ပစ်ပါ။ ပြန်မသုံးရ။ မီးရှို့ရ။ ရေတွင်း၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင်များအတွင်းသို့ ဆေးအကြွင်းအကျန်များ၊ ဆေးဘူးခွံများကို မဆေးကြောရ၊ မစွန့်ပစ်ရ။

ရှေးဦးသူနာပြုနည်း

မျိုးမိလျှင် အဆိပ်သင့်မှုဖြစ်ပေါ်လျှင် ဆရာဝန်နှင့်ပြသပါ။ အန်အောင်မလုပ်ရ။ ရေတစ်ခွက်တိုက်ပါ။ အသိရှုံးသွားလျှင် လေရအောင်လုပ်ပေးပါ။ ပါးစပ်ချင်းတွေ့ခြင်းထက် နှာခေါင်းနှင့်ပါးစပ်တွေ့၍ လေရအောင်လုပ်ပေးပါ။ မျက်လုံးထဲဝင်လျှင် ယားယံစေနိုင်ပါသည်။ မျက်လုံးအား ဆေးမထိမိအောင် ဂရုပြုပါ။ ဝင်လျှင် ရေဖြင့် ချက်ချင်းဆေးပါ။ အရေပြားထိမိလျှင် အရေပြားအား ယားယံစေနိုင်ပါသည်။ ဆေးထိမိသောနေရာကို ဆပ်ပြာနှင့် ရေများများဖြင့် ဆေးပစ်ပါ။ ရှူရှိုက်မိလျှင် လူနာကို လေကောင်းလေသန့်ရသည့်နေရာသို့ ရွှေ့ပါ။ လူနာကို ငြိမ်သက်စွာထားပေးပါ။ မျိုးမိပါက လူနာအား နီးစပ်ရာဆေးရုံထံသို့ အညွှန်းစာပါသော ဆေးဘူး၊ ဆေးအိတ်ခွံနှင့်အတူ ပြသပါ။

အဆိပ်ဖြေဆေး — သီးသန့်မရှိပါ။ နီးစပ်ရာဆေးဝန်ထံ အဆိပ်သင့်လက္ခဏာအရ ကုသပါ။

အဆိပ်သင့်မှုအဆင့်အတန်း GHS အုပ်စု (၅)

Manufacturerထုတ်လုပ်သူ

Hainan Liannong International Trade Co., Ltd

Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.

+86 187 8902 7088

Distributorဖြန့်ချိသူ

Coral Agri Trading Co., Ltd.

Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.

09 4236 93911