Systemic fungicide specifically developed to prevent and cure rice blast.
စပါးဂုတ်ကျိုးရောဂါကို ကာကွယ်ကုသနိုင်သော ပင်လုံးပြန့် မှိုသတ်ဆေးဖြစ်သည်။
Content transcribed exactly from the official product label.
မူလဆေးအညွှန်းပါ စာသားအတိုင်း တိကျစွာ ဖော်ပြထားပါသည်။
Coral Gote Gyo Sayar — Isoprothiolane 40% EC. Read label carefully before using the products.
| Crop | Target | Dosage (cc/ac) | PHI (days) |
|---|---|---|---|
| Rice | Rice blast | 250 – 400 | 28 |
KEEP OUT OF REACH OF CHILDREN — UNDER LOCKED
Do not contaminate water, food, or feed by storage or disposal. Store in a cool, dry place and in such a manner as to prevent cross contamination with other pesticides, fertilizers, food, and feed. Store in original container and out of the reach of children, preferably in a locked storage area.
Handle and open container in a manner as to prevent spillage. If the container is leaking, invert to prevent leakage. If container is leaking or material spilled for any reason or cause, carefully dam up spilled material to prevent runoff. Refer to Precautionary Statements on label for hazards associated with the handling of this material. Do not walk through spilled material. Absorb spilled material with absorbing type compounds and dispose of as directed for pesticides below. In spill or leak incidents, keep unauthorized people away. You may contact the Bayer Environmental Science Emergency ResSponse Team for decontamination procedures or any other assistance that may be necessary.
Pesticide Disposal: Wastes resulting from the use of this product may be disposed of on site or at an approved waste disposal facility.
Container Disposal: Triple rinse (or equivalent). Then offer for recycling or reconditioning, or puncture and dispose of in a sanitary landfill or by incineration, or, if allowed by State and local authorities, by burning. If burned, stay out of smoke.
GHS Class –(5) · WARNING
ကော်ရယ်ဂုတ်ကျိုးဆရာ (Isoprothiolane 40% EC) — ပင်လုံးပြန့်မှိုသတ်ဆေး။ အသုံးမပြုမီ ဆေးအညွှန်းကို သေချာစွာ ဖတ်ပါ။ အသုံးပြုမည့်သီးနှံကို သေချာမှတ်ပါ။
| သီးနှံ | နှိမ်နင်းနိုင်သောရောဂါ | ဆေးနှုန်းထား (စီစီ/ဧက) | သီးနှံစိုက်ခင်းထဲသို့ ပြန်လည်ဝင်ရောက်နိုင်သည့်ရက် |
|---|---|---|---|
| စပါး | ဂုတ်ကျိုးရောဂါ | ၂၅၀ – ၄၀၀ | ၂၈ |
ကလေးများ လက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။
ရေနေသတ္တဝါများအား အဆိပ်သင့်မှုဖြစ်စေသည်။
ကလေးများ လက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။ မျက်လုံး၊ အရေပြားတို့နှင့် ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ။ အေးပြီးခြောက်သွေ့သော လေဝင်လေထွက်ကောင်းသောနေရာတွင် မူလဆေးဘူးအတိုင်း အဖုံးပိတ်ပြီးထားပါ။ နေရောင်ခြည်တိုက်ရိုက်ကျသောနေရာတွင် တာရှည်စွာ မသိုလှောင်ရ။ ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာများ၊ မျိုးစေ့များနှင့် မြေဩဇာများအနီးတွင် သော့ခတ်သိမ်းဆည်းပါ။ အသုံးပြုပြီးသော ဆေးဘူးအိုးများကို သေချာစွာ မြေမြှုပ်ပစ်ပါ။ ပြန်မသုံးရ။ မီးမရှို့ရ။ ရေကန်၊ မြောင်း၊ ချောင်း၊ အင်းအိုင်များအတွင်းသို့ ဆေးအကြွင်းအကျန်များ၊ ဆေးဘူးစွန့်ပစ်များ မလောင်းချရ၊ မစွန့်ပစ်ရ။
မျိုချမိလျှင် အဆိပ်သင့်မှုဖြစ်ပေါ်ပါက ဆရာဝန်နှင့်ပြပါ။ အန်အောင်မလုပ်ရ။ ရေတစ်ခွက်တိုက်ပါ။ အသက်ရှူရပ်သွားလျှင် လေရအောင်လုပ်ပေးပါ။ ပါးစပ်ချင်းတွေ့ခြင်း သို့မဟုတ် နှာခေါင်းနှင့် ပါးစပ်တွေ့၍ လေရအောင်လုပ်ပေးပါ။ မျက်လုံးထဲဝင်လျှင် ယားယံစေနိုင်ပါသည်။ အရေပြားထိမိလျှင် ယားယံစေနိုင်ပါသည်။ ဆေးထိမိသောနေရာကို ဆပ်ပြာနှင့် ရေများများဖြင့် ဆေးပစ်ပါ။ ရှူရှိုက်မိလျှင် လူနာကို လေကောင်းလေသန့်ရသည့်နေရာသို့ ရွှေ့ပါ။ လူနာကို ငြိမ်သက်စွာထားပေးပါ။ မျိုချမိပါက အသိလွတ်နေသူအား ပါးစပ်မှ ဘာမျှ မတိုက်ရ။ ဆေးဘူး၊ ဆေးအိတ်ခွံနှင့်အတူ ဆေးရုံသို့ ပြသပါ။
အဆိပ်ဖြေဆေး — သီးသန့်မရှိပါ။ နီးစပ်ရာဆရာဝန်ထံ အဆိပ်သင့်လက္ခဏာအရ ကုသပါ။
အဆိပ်သင့်မှုအဆင့်အတန်း GHS အုပ်စု (၅)
Room 1128, Area A, 4th Floor, Shenxin International Plaza, No. 39 Haixiu East Road, Datong Street, Longhua District, Haikou City, Hainan Province (Centralized Office Area), China.
+86 187 8902 7088
Sayar San Road, No-50, Sayar San North-West Ward, Bahan Township, Yangon Region, Myanmar.
09 4236 93911